Word of the day- Go-Pack
Go-Pack ဆိုတဲ့သဘောက emergency kit လို တစ်နေရာရာကို သွားရတော့မယ်ဆိုရင် မရှိမဖြစ်သယ်သွားရမယ့်ပစ္စည်းတွေကိုစုထည့်ထားတာကို ခေါ်တာမျိုး။ ဒီစကားလုံးလေးကို Talent Go-Pack ဆိုပြီး လက်ရှိ trend ဖြစ်နေတဲ့ word အနေနဲ့ ရေးကြည့်တာ။ မြန်မာလူငယ်တွေ ခု နိုင်ငံတကာကိုသွားနေကြတာ Global Talent ဆိုတဲ့ ကွန်ယက်ကြီးထဲသွားမယ်ဆိုရင် ဘာတွေကို မရှိမဖြစ်သယ်ဆောင်သွားသင့်လဲ မျှဝေတဲ့သဘောပါ။
ကိုယ်ကိုယ်တိုင်ကလည်း Freelancer Remote working community ကို စပြီးလုပ်ဖြစ်နေတော့ တချို့လိုအပ်ချက်လေးတွေလည်း တွေ့လာရတာလည်းပါတယ်။
အဓိက Talent Go- Pack အနေနဲ့ Tangible Thing 3 ခု နဲ့ Intangible thing 3 ခု ပြောပါမယ်။ အားလုံး P 6 လုံးပါ။
1. Portfolio - ကိုယ့်ရဲ့ CV အပြင် Portfolio ကို ကောင်းစွာတည်ဆောက်ထားပါ။ Portfolio ဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်ရဲ့ personal နဲ့ professional achievements တွေကို သေချာပြထားတဲ့ဟာမျိုး။ Designer ဆိုလည်း Design တွေပြတာမျိုး။ ဒါမယ့် ခုခေတ်မှာ PDF file ထဲ က portfolio ထက် Website တစ်ခုခုပေါ်မှာ ပြင်ထားတဲ့ Portfolio ကပိုပြီး impressive ဖြစ်တယ်။ ပြီးတော့ CV form ကို AI friendly ဖြစ်တဲ့ format နဲ့ပြင်ဖို့လိုပါတယ်။ Template တွေကို free ယူပြင်လို့ရပါတယ်။ You Tube မှာ သေချာလေ့လာပါ ။ ATS လို့ခေါ်တဲ့ Applicant Tracking System ကို ခု company တော်တော်များများသုံးနေကြပါပြီ။ ကိုယ်က မိုးပျံအောင်တော်နေပါစေ။ system ကိုမဖြတ်နိုင်ရင်interview မပါပဲကျန်ခဲ့မှာပါ။ Portfolio ကို CV မှာ QR code နဲ့ ထည့်ပေးတာမျိုး လုပ်လို့ရပါတယ်။
2. Physical Strength - နိုင်ငံခြားသွားပြီး အသစ်စတော့မယ်ဆို ခန္ဓာကိုယ် ကြံ့ခိုင်မှုက အရေးကြီးပါတယ်။ ရာသီဥတု အစားအစာနဲ့မကိုက်လို့ လိုက်လျောညီထွေ မဖြစ်တာမျိုးရှိနိုင်လို့ အချိန်ရရင်ရသလို ကိုယ်လက်လှုပ်ရှားပါ။ နေရာသစ်ရောက်ရင် အကောင်းဆုံးအကြံဉာဏ်က လမ်းလျှောက်ပါ။ လမ်းလျှောက်ရင်းပတ်ဝန်းကျင် ကိုကြည့်ရင်းအတွေးတစ်ခုခုရအောင်ယူပါ။ လမ်းလျှောက်ခြင်းဖြင့် ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတိုးပါတယ်။ သူများတွေရဲ့ဘဝဖြတ်သန်းမှုတွေပိုမြင်နိုင်ပါတယ်။ Idea တွေ ထွက်တတ်ပါတယ်။
3. Platforms - Community platforms တွေ join ပါ။ Linkedin အပြင် အခြား ဒေသဆိုင်ရာ Platform တွေ join ပါ။ ထိုင်းမှာ freelancer ဆိုရင် Upwork , Toptal အပြင် Fastwork လိုမျိုး တွေရှိပါတယ်။ Job DB ၊ Glassdoor တို့လို Company တွေကသုံးတာမဟုတ်ပဲ Individual project owner တွေက အလုပ်ပေးတဲ့ Platforms မျိုးတွေမှာ Active ဖြစ်အောင်နေပါ။ မိမိရဲ့ fees ကိုသေချာသတ်မှတ်ထားပါ။ တစ်နာရီ fee 50$ လောက်ရနိုင်တဲ့ skill set ကိုတည်ဆောက်ထားပါ။ ရသမျှအတွေ့အကြုံယူထားပါ။
4. Purpose- နိုင်ငံခြားသွားသွားဘယ်မှာနေနေ Purpose of life ကို အချိန်လေးတစ်ခုပေးပြီးအရင်စဉ်းစားပါ။ Idol ဖြစ်ချင်တဲ့သူက မြန်မာပြည်မှာနေလို့မရပါဘူး။ ကိုရီးယား or. ထိုင်းလောက်တော့သွားရမှာပါ။ Miss or Mr လုပ်ချင်ရင်တော့ မြန်မာပြည်မှာအရင်နေရမှာပါ။ ဘာရယ်မဟုတ်သူများကသွားကြ ဆိုလို့သာ ထွက်လာရ ။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ၊ စျေးကွက်ကိုမသိလို့မရပါဘူး၊ အမေရိကား သွားရင်တောင် စားသောက်ဆိုင်လေး ဖွင့်မယ်လို့ ရည်ရွယ်ချက်ရှိသူက ရရာဝင်လုပ်မယ်ဆိုတဲ့သူထက်သာပါတယ်။ ကြုံသလိုပြန်စ ကြတာပေါ့ ဆိုတာ အပြောသာလွယ်တာပါ။ company မှာ အဆင့်မြင့် ဝန်ထမ်း လုပ်ခဲ့တဲ့သူက ဓာတ်ဆီဆိုင်မှာ ဂေါက်ကိုင်ရရင် အဆင်မပြေပါဘူး။ ကိုယ့်မှာ ခိုင်မာတဲ့ လုပ်ချင်တဲ့ အရာတစ်ခုရှိနေရင် ဓာတ်ဆီ ဆိုင်မှာ ခဏ ဂေါက်ကိုင်ရရင်တောင် သူလုပ်ချင်တဲ့ ပန်းတိုင်ကိုသွားနိုင်မယ့် လမ်းကိုအမြဲရှာဖွေနေမှာပါ။
5. Passion to know - သိချင်တတ်ချင်စိတ်ပြင်းပြပါ။ ကျနော် remote job တွေ ခေါ်တော့ အများစုက Design နဲ့ Content ပိုင်းကျွမ်းကျင်သူတွေများတယ်။ နောက်ပိုင်း ခေတ်စားလာတဲ့ UIUX Figma တို့ Video editing features တွေကို ကျွမ်းကျင်အောင်သုံးနိုင်တဲ့ သူမျိုးတွေရှားတာတွေ့ရတယ်။ ကိုယ့်ရဲ့ ပင်မလမ်းကြောင်းကျွမ်းကျင်မှုကနေ ဆက်နွယ်တဲ့ tools အသစ်တွေ ၊ နည်းလမ်းအသစ်တွေကို အမြဲလေ့လာဖို့အတွက် Passion ထည့်ထားဖို့လိုပါတယ်။ ဥပမာ AI လိုမျိုးပါ။
6. Proficient uniqueness - အ ရေးအကြီးဆုံးပါပဲ။ Interview တွေမှာ “ What is your uniqueness “ လို့မကြာခဏ မေးတတ်ပါတယ်။ အဲ့တာက ကိုယ်ရဲ့ professional ကျွမ်းကျင်မှု ဒါမှ မဟုတ် အသက်မွေးတဲ့အတတ်ပညာကြွယ်ဝမှုကို မေးတာမဟုတ်ပါဘူး။ ဆရာဝန်ဟာ ဆေးကုတတ်တာ Uniqueness မဟုတ်ပါဘူး။ Proficient ဖြစ်တဲ့ uniqueness ဟာအများအားဖြင့် ကိုယ့်ကို stand out ဖြစ်စေတဲ့ အရာတစ်ခုခုကိုဆိုလိုတာပါ။ ရုပ်ချောတာလား၊ အပြုံးလှတာလား၊ ဘယ်ပြသနာမဆို ဖြေရှင်းတတ်တဲ့ Problem solving လား၊ Polyglot လို စကားတွေများကြီးပြောတတ်တာလား၊ အလုပ်ခွင်မဟုတ်တဲ့ Daily life မှာ ကိုယ့်ကိုယ်ပေါ်လွင်စေတဲ့ အရာတစ်ခုကိုအမြဲ သိအောင်လုပ်ထားပါ။ စာရွက်ပေါ်မှာဖော်ပြဖို့မလိုပေမယ့် Global Talent ဖြစ်ချင်ရင် လူတော်တွေ အများကြီးရှိတဲ့ထဲ က ဘာလို့ သင့်ကိုရွေးရမှာလဲ ( or )ဘာလို့ သင့်နဲ့အလုပ်တွဲလုပ်ချင်တာလဲ ဆိုတာ ဒီနေရာက စကားပြောပါတယ်။
ဒီ 6 P ကတော့ လွတ်လပ်တဲ့ Digital Nomad ဒါမှ မဟုတ် Freelancer life ကို International level ထိသွားချင်တဲ့ သူတွေအတွက် ထုတ်ပိုး သွားသင့်တဲ့ Talent Go-Pack လေးပါ။ တစ်ဦးတည်းအမြင်ပါ။
#YK
We have a variety of quality freelancers and experts in the system to serve your. Your business will grow quickly if you choose to use freelancers wisely.