🚨ကျားဖြန့် Alert
YKverse က မြန်မာလူငယ်တွေရဲ့ remote job and freelancing nature တွေကို အားပေး သွားမှာဖြစ်လို့ ဒါတွေ မစခင်မှာ ခု လက်ရှိ remote ပုံစံတွေနဲ့ လိမ်လည်နေကြတဲ့ ကျားဖြန့်တွေအကြောင်း ဗဟုသုတလေးတွေ မျှဝေထားချင်ပါတယ်။
ဒီကျားဖြန့် အလုပ်တွေက မြန်မာ-ထိုင်းနယ်စပ် မြဝတီ၊ နောက် ရွှေတြိဂံနယ်၊ ကမ္ဘောဒီးယား က Sihanoukville မြို့တွေမှာ အခြေစိုက်ပြီးလုပ်တယ်။ ဒီနေရာမှာ Victim ဖြစ်တဲ့နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက အဲ့နေရာတွေမှာသွားပြီး အလုပ်လုပ်ဖို့ စည်းရုံးခံရတာနဲ့ လူကုန်ကူးခံရတာ ။ ဒီအပိုင်းကိုအရင်ပြောမယ်။ ခု မြန်မာနဲ့ ထိုင်းဖုန်းနံပါတ်ကိုင်ထားတဲ့ မြန်မာလူငယ်တွေဆီကို တစ်လ $1000 ရမယ်၊ နေစားငြိမ်း “ chat support agent” “ data collectors” အဲ့လိုမျိုး position တွေ နဲ့ ဖြားယောင်းပြီးနယ်စပ်ကိုလာခိုင်း၊ ဖုန်းရော၊ passport ရောသိမ်းပြီး အတင်းအဓမ္မ scam အလုပ်တွေ လုပ်ခိုင်း ပါပြီ။ ကယ်ဆယ်သူလာတဲ့အထိ အဲ့မှာနေပေတော့ပဲ။
နောက်တစ်မျိုးက scam လုပ်ခြင်းကို ခံရတဲ့ သာမာန်ပြည်သူတွေ၊ လိမ်လည်မှုပုံစံမျိုးစုံရှပေမယ့် အလုပ်နဲ့ပတ်သက်တာတွေကို အဓိက ထားရေးသွားမယ်။
1. Online - remote job
ကိုယ့်ရဲ့ telegram or What apps ထဲ အချိန်ပိုင်း အလုပ်ရှိတယ်။ တစ်လကိုဘယ်လောက်ထိရမယ်၊ နေ့စဉ် မိနစ်ပိုင်းအချိန်ပေးရုံပဲ။ Training ပေးမယ်။ အသက်က ၂၀ ကျော် အင်တာနက်ရှိရုံနဲ့ ရပြီပြောရင်သေချာတယ်။ scam ပါ၊ ပြီးရင်သူတို့က နင့်ဖုန်းနံပါတ်ကို Man Power တို့လို တကယ်နာမည်ကြီး agency တွေကနေရတယ်ပြောလိမ့်မယ်၊ နင်အလုပ်တစ်ခုရှာနေလား၊ ငါတို့က ဘယ် company ကပါဆိုပြီး စကားစမယ်။ စိတ်ဝင်စားရင် နင့်နံပါတ်ကို recruitment လုပ်မယ့်သူကိုပေးလိုက်မယ်၊ သူက စကားလာပြောလိမ့်မယ်။ ဒီဖြစ်စဉ်အတိုင်းဆို သေချာသိလိုက်ပါတော့။
ဒီ အလုပ်က apps တွေကို optimizedလုပ်ပေးရတာ.. ၊ နောက်ပြီး You-Tube video ထိုငိကြည့်ရတာမျိုးလည်းရှိတယ်၊ သူတို့က crypto လို USDT နဲ့ လုပ်ရတာပါလို့၊ မြန်မာပြည်ထဲကိုတော့ target မထားဘူး၊ ထိုငိးဖုန်းနံပါတ်တွေ ကို အဓိက နဲ့ ထိုင်း market ကို သွားတယ်၊ ထိုင်းရောက်မြန်မာလူငယ်တွေ သတိထားပါ။
2. Ordering on platform Scam
ခု မြန်မာကိုအဓိကထားတဲ့ပုံစံ၊ သူက မြန်မာတွေ အသုံးများတဲ့ Facebook နဲ့ Tik Tok ကလာတတ်တယ်။ မိန်းကလေးဆို ယောင်္ကျားလေး၊ ယောင်္ကျားလေးဆို မိန်းကလေး၊ ချောချောလေးတွေလာအပ်ပြီး ပလီပလာလေးတွေ အရင်လာပြောမယ်၊ ပြီးရင် SS လေးတွေအရင်ပို့ပြမယ်၊ သူ့ရဲ့ အချိန်ပိုင်းအလုပ်ပါပေါ့၊ order တင်ပေးရတာ၊ ဘယ်လောက်ပြန်ရတယ်၊ နောကိပိုင်းကျ သူအချိန်မရှိလို့ ကူလုပ်ပေးမလား၊ ဘယ်လောက်ရမယ်ပေါ့၊ ချောချောလေးတွေက ပြောတော့လည်း ပါသွား တာပဲ၊ အဲ့လိုနဲ့ ငွေထည့်ရင်ပြန်ရမယ်၊ အစတော့အမြတ်ရမယ်၊ လိုက်ရင်းလိုက်ရင်းနဲ့ ဆုံးမယ်၊ ဒါကသူ့ပုံစံ၊ ဒီမှာ ဝင်လာကြတဲ့ သူတွေက Facebook messenger ကနေ လာပြောမယ်၊ ကိုယ်ပိုင်အလုပ်လုပ်ကြောင်းပြောမယ်၊ ရင်းနှီးမှုတည်ဆောက်မယ်၊ ပုံလှလှလေးတွေပို့ပေးမယ်.. ။ အပျင်းပြေ စကားပြောချင်ရင်တော့ပြော၊ ငွေတော့မပါစေနဲ့.. ။
3 . Clicking apps Link Scam
ဒါလည်း လက်ရှိမြန်မာပြည်လိမ်တဲ့ပုံစံပဲ။ Link ကို ပုံစံမျိုးစုံနဲ့ click မိအောင်လုပ်ပြီး နှိပ် မိလိုက်တာနဲ့ ကိုယ့် ဖုန်းထဲက contact တွေ နဲ့ K Pay ဖွင့်တုန်းက ထည့်ထားတဲ့ မှတ်ပုံတင် screenshot တွေပါသွားမယ်၊ K Pay ထဲကို ပိုက်ဆံ သောင်းဂဏန်းတွေ ဝင်လာမယ်။ ပြီးတာနဲ့ ငွေချေးထားပါတယ်ဆိုပြီး ပြန်တောင်းသလိုနဲ့ ငွေညှစ်မယ်၊ မပေးရင် contact ထဲက ရင်းနှီးသူတွေကိုဆက်ပြီး ဆဲဆိုသောင်းကျန်းမယ်၊ မှတ်ပုံတင်တွေပါပို့ပြီး ၊ သားက သမီးက ချေးထားလို့ မိဘက ပြန်ဆပ်ဆိုပြီးတွေ ပြောမယ်၊ ဒါကြောင့် မသိတဲ့ apps တွေ ဖုန်းထဲ မဒေါင်းမိအောင်လုပ်ပါ။
ဒါတွေက မြန်မာပြည်မှာအတွေ့များတဲ့ Scam ပုစံတွေပါ။ နိုင်ငံရပ်ခြားကို သွားနေကြရတဲ့ မြန်မာလူငယ်တွေ ဟာအလုပ်ရှာဖို့ခက်ဆဲ့အချိန်မှာ လွယ်လွယ်နဲ့ $ ရ မယ်လိုပြောရင် စိတ်တော့ဝင်စားမိကြမှာပဲ။ သားကောင်ဖြစ်ဖို့ အလွယ်ဆုံးပါ၊ ထိုင်း နဲ့ ကမ္ဘောဒီးယားရောက် လူငယ်တွေသတိထားပါ။
YKverse platform က Business Consulting တွေ လုပ်ရင်းနဲ့ ဒေသအသီးသီးက လူငယ်တွေ freelance job တွေ လုပ်နိုင်အောင်၊ ပေါင်းကူးတံတားအနေနဲ့ ရပ်တည်သွားမှာမို့၊ remote job နဲ့ ပတ်သက်တာတွေ၊ freelancing နဲ့ ပတ်သက်တဲ့ tips တွေ knowledge တွေ မျှဝေပေးသွားမှာပဲဖြစ်ပါတယ်..
အလုပ်တွေနဲ့ပတ်သက်ပြီး Scam လား တကယ်လား မသေချာဖြစ်နေသောသူများလည်း YKverse ရဲ့ messenger ကို လာမေးပြီး တိုင်ပင်နိုင်ပါတယ်။ မဖြစ်သင့်တာတွေ ဆက်မဖြစ်ရအောင် တားဆီးကြရအောင်။
ရေးသားသူ- YK Liam