Word of the Week- Work-Life Connection

Word of the week- Work-Life Connection 
Work-Life နဲ့ပတ်သက်လို့ ထိုင်းက life coach တစ်ယောက် ပြထားတဲ့ 7 levels framework လေးစိတ်ဝင်စားစရာကောင်းလို့ ပြန်ရှယ်ထားမယ်။ ထိုင်းလိုပြောထားတာဆိုတော့ လေ့လာပြီးပြန်ရေးထားတာ။ work-life balance လို့ပဲပုံမှန်အသိများကြတယ်။ 
Do we really need to work hard? ဆိုတာကို ခုခေတ်အငြင်းပွါးနေချိန်ဒီframework လေးနဲ့ ချိန်ထိုးကြည့်တာပိုကောင်းတယ်။ 

\r\n

Level 0 - Work-Life Desperation 
ဒီအဆင့်က အောက်ဆုံးအဆင့် ၊ ငွေရဖို့ပဲလုပ်ရတဲ့ အဆင့် ငွေရရင်ပြီးရင် လုပ်နေတာမျိုး၊ ဒီမှာနှစ်မျိုး ရှိနိုင်တယ်၊ ငွေရဖို့ရုန်းကန်နေရတဲ့ လူတန်းစား နဲ့ ထားစရာမရှိအောင်ချမ်းသာပေမယ့် ငွေနောက်ပဲလိုက်နေတတ်တဲ့သူမျိုးတွေ၊ ဒီအဆင့်ကတော့ မဖြစ်ချင်ဆုံးဖြစ်မယ်ထင်တယ်။

\r\n

Level 1 - Work-Life Conflict 
ဒီအဆင့်က အလုပ်နဲ့ ဘဝ ကို တစ်ခုပဲရွေးချယ်ခွင့်ရတဲ့ stage ၊ career starter တွေ မှာအတွေ့များတယ်၊ နိုင်ငံခြားမှာပျော်သည်ဖြစ်စေမပျော်သည်ဖြစ်စေ အလုပ်လုပ်ကြမယ်၊ မိသားစု သူငယ်ချင်းတွေနဲ့ ဝေးမယ်၊ အလုပ်ကိုရွေးလိုက်ရင် ဘဝကိုဦးစားပေးလို့မရတဲ့ အခြေအနေမျိုး၊ နောက်ဥပမာက ကိုယ်က energy ကိုသုံးပြီးလုပ်ရတဲ့ career မျိုးမှာ ကိုယ့်partner/ရည်းစားက negative vibe တွေ အမြဲယူလာတတ်တဲ့သူမျိုး ဆိုအလုပ် ကိုရွေးမယ်ဆိုအချစ်ကိုစွန့်လွှတ်မှရမယ်ဆိုတဲ့ conflict မျိုး၊ အချစ်ကိုရွေးရင် အလုပ်ကိုထိခိုက်နိုင်တာမျိုးဖြစ်နေတဲ့ Level။ 

\r\n

Level 2 - Work-Life Separation
ဒီအဆင့်ကလူတွေက အလုပ်နဲ့ ဘဝကို သပ်သပ်စီထားတယ်။ သာမာန်အလုပ်သွားအလုပ်ပြန် ဝန်ထမ်းတွေ စက်ရုံလုပ်သားတွေ ကာယလုပ်သားတွေမှာ တွေ့ရများတယ် ။ အလုပ်ချိန်အလုပ်လုပ်မယ်။ နားရက်ကိုနားမယ်။ နားချိန်မှာ အလုပ်အကြောင်းစဉ်းစားစရာမလိုသလို ဖုန်းလည်းလာစရာ သိပ်မရှိ။ နားမယ် ၊စားမယ်၊ အိပ်မယ် ၊ 

\r\n

Level 3 - Work-Life Balance 
ဒီအဆင့်က လူသိများတဲ့ အဆင့် လူတွေ လိုချင်ကြတဲ့အဆင့်ပေါ့။ Corporate life သမားတွေမှာတွေ့ရများတယ်။ welfare တွေရှိတယ်၊ အချိန် မှန် အားလပ်ရက်တွေမှာ ခရီးသွားတာမျိုး ၊ မိသားစုနဲ့ တစ်ခုခုလုပ်တာမျိုး၊ အပေါင်းအသင်းနဲ့ အချိန် မျှတအောင်စီမံလို့ရတယ်။ အလုပ်အပြင် ဘဝကို မျှတအောင်ထိန်းကျောင်းနိုင်တယ်။ ဒါမယ့်ဒီအဆင့်က ကိုယ်ကြိုက်တဲ့ကိုယ်နဲ့လိုက်တဲ့ အလုပ်ကို လုပ်နေရတယ်ဆိုတဲ့ အနေအထားတော့ မသေချာသေးဘူး၊။ အလုပ်နဲ့ဘဝက သပ်သပ်စီတော့ရှိနေသေးတယ်။

\r\n

Level 4- Work-Life Harmony 
ဒီအဆင့်က အလုပ်နဲ့ ဘဝ လိုက်လျောညီထွေဖ့စ်တဲါအဆင့် ။ Corporate life မှာရာထူး နည်းနည်းမြင့်တဲ့သူတွေ side job ရှိတဲ့သူတွေမှာတွေ့ရတယ်။  အနုပညာလို အလုပ်တွေမှာလည်းတွေ့ရတယ်။ မာရသွန်ပြေးတယ်။ အားကစားလုပ်တယ်။ ဘာသာစကားလေ့လားတယ်။ ဘဝ ရဲ့ activity တွေက ကိုယ့်အလုပ်အတွက်လည်း တိုးတက်ဖို့ အထောက်အကူဖြစ်နေတယ်ဆိုတဲ့အဆင့်မျိုး၊ စနေနေ့ မှာ အလုပ်အတွက် မိတင်ရှိမယ်။ customer နဲ့ ညစာစားရမယ် ဆိုတာတွေလည်း လုပ်လို့ရသလို ရုံးကနေ တစ်ခါတလေစောဆင်းပြီး ကိုယ့်ကိစ္စလေးတွေလုပ်လို့ရတဲ့ Flexibility ရှိနေတဲ့ stage။   အလုပ်နဲ့ဘဝဟာ စပြီး ဟာမိုနီဖြစ်လာတဲ့ အနေအထား၊ ဒါမယ့်ဒီအဆင့်က နေရာနဲ့ အချိန်လွတ်လပ်မှုမရှိသေးဘူး။ တာဝန်ကျရနေရာမှာ deadlines နဲ့ အလုပ်တွေလုပ်နေရတုန်းပဲ။ 

\r\n

Level 5 - Work-Life Integration 
ဒီအဆင့်ကတော့ တော်တော်ဟုတ်ပြီပြောရမယ်။ အလုပ်နဲ့ ဘဝ ပူးပေါင်းသွားပြီ။ Own Business သမားတွေ ၊ Digital Normad တွေ remote worker တွေလိုမျိုး ၊ မိသားစု ရှိတယ် ၊ work from home လုပ်တယ်၊ ခရီးသွားရင် ကိုယ့် partner/မိဘ ကိုခေါ်သွားမလားရတယ်၊ မနက်ခင်း တပိုင်း မိတင်တက်မယ်၊ ပြီးရင် partner နဲ့ နေ့လည်စာစားမယ်။ သူငယ်ချင်း နဲ့ ကော်ဖီ သောက်ရင်း အလုပ်အကြောင်းပြောမယ်။ ပြီးရင် မိတင်ပြန်တက် အလုပ်လုပ်မယ်။ သူ့မှာ ၉-၅ ဆိုတာထက် အချိန်မရွေး နေရာမရွေး လုပ်လို့ရနေတယ်၊ ခွင့်တိုင်စရာမလိုဘူး၊ Tik Tok Cele တွေ influencer တွေမှာ တွေ့ရများတယ်။ 

\r\n

Level6 - Work-Life Synergy 
ဒီအဆင့်ကရှားတော့ရှားမယ်။ အထူးသဖြင့် ကိုယ့်မြန်မာပြည်အနေအထားမျိုးမှာဆိုရင်မလွယ်ဘူး ၊ အလုပ်နဲ့ ဘဝဟာတစ်််သားတည်းဖြစ်သွားပြီ။ ကိုယ်လုပ်ချင်ရာကိုလုပ်ရင်း ပိုကိဆံရတဲ့သူမျိုး ။ You get paid by doing what you like. Travel vlog သမားတွေ Life coach တွေ ၊ energy healer တွေ Artist တွေ ၊ Business builder တွေ။ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ လုပ်နေတဲ့အရာတွေကလည်း ကိုယ့်အလုပ် အတွက်တိုးတက်စေတာမျိုး၊ ကိုယ်ကြိုက်ပြီး လုပ်ချင်လို့လေ့လာတယ်၊ လေ့လာလို့တိုးတက်တယ်။ အဲ့တိုးတက်မှုကနေ ပိုက်ဆံရတယ်။ ဘဝကြောင့် အလုပ်တွေ ပိုကောင်းပြီး ၊ ပိုကောင်းတဲ့ အလုပ်တွေကြောင့် ဘဝဟာ အဓိပ္ပာယ်ရှိပျော်ရွှင်နေတယ်။ အချိန်တွေနေရာတွေကန့်သတ်ချက် မရှိဘူး။ ကိုယ်ကြိုက်တာ passionate ဖြစ်တာလုပ်နေရတာမျိုး။ 

\r\n

Level 7 - Work-Life Unity
အမြင့်ဆုံးအဆင့် ၊ ရှားတဲ့ အဆင့်ပေါ့။ သူက တစ်သားတည်းမဟုတ်တော့ဘူး။ တစ်ခုတည်းဖြစ်သွားပြီ။ Self-actualization လိုမျိုး နိုးထလာတာနဲ့ ဘဝရဲ့ goals တွေ purpose အတွက် အားလုံးကတူတူပဲ။ အလုပ်ဟာဘဝမဟုတ်တော့သလို ဘဝဟာလည်း အလုပ်လုပ်နေတာမဟုတ်တော့ဘူး။ တစ်ခုတည်းပဲ။ Investors တွေ မျိုး venture capital လုပ်တဲ့သူမျိုး ထူးခြားတဲ့ brand တွေ တည်ထောင်ပြီး အများကိုအကျိုးပြုနေတဲ့သူတွေမျိုးမှာတွေ့ရတယ်။ ဘဝရည်ရွယ်ချပ်ကို ဖြည့်စည်းနေတဲ့သူတွေလို့ပြောလို့ရတယ်။ မိုးလင်းကနေ မိုးချုပ်ထိ လုပ်သမျှဟာ ဒီ ရည်ရွယ်ချက်နဲ့ ထပ်တူကျနေတယ်။ ပျော်နေတယ်။ ငွေရှိတယ်။ အကျိုးပြုနေတယ်။ 

\r\n

ဒါကတော့ ၈ ဆင့်ပေါ့ ။ အများစုကတော့ Work-Life balance အနေအထားမှာရှိတာများတယ်။ ဒါကကျေနပ်စရာကောင်းတဲ့အဆင့်တစ်ခုပါပဲ။ ဒီနေရာမှာ ဘယ်အဆင့်က ပိုကောင်းတယ်ဆိုတာမျိုး မရှိဘူး။ လူတိုင်းဟာကွဲပြားတယ်။ ကိုယ့် ကျေနပ်တဲ့ အဆင့်ဟာ ကိုယ့်အတွက်ပဲ။ Level 0 ကတော့မကောင်းဘူးပေါ့။ ဒီအဆင့်တွေဟာ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ရွေ့လျားနေမှာပဲ။ ဥပမာ - မြန်မာပြည်အနေအထားအရ မိသားစုကို ပြစ်ပြီး နိုင်ငံခြား ထွက်နေရတဲ့သူမျိုးဟာ တစ်ချိန် က Balance သမားဖြစ်ပေမယ့် Conflict level 1 ကိုရောက်ပြီးရွေးချယ်နေရတာမျိုး။ ပိုက်ဆံရဖို့ အချိန်ပိုင်းအလုပ်လုပ်ပြီး လမ်းကြောင်းပြန်ရှာရတဲ့ Separation level 2 ပြန်ရောက်သွားတာမျိုးဖြစ်တတ်ပါတယ်။ 

\r\n

ကျနော်ကတော့ခုအနေအထားအရ 4 နဲ့ 5 ကြားမှာနည်းနည်းပြေးနေတယ်၊ 4.5 ပေါ့ 😇
6 ရောက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ 

\r\n

သင်ရော ဘယ် Level မှာရောက်နေပြီလဲ။

\r\n

#YK

Other Blogs
YK Internationa...
Services and Article
Read 0
Read Now
Word of the Wee...
Knowledge
Read 0
Read Now
🚨ကျာ...
Trending
Read 0
Read Now

Subcribe to our Newsletter

We have a variety of quality freelancers and experts in the system to serve your. Your business will grow quickly if you choose to use freelancers wisely.